ပျော်ဘွယ် အောက်တိုဘာ ၄
ပျော်ဘွယ်မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်သို့လာရောက်အသုံးပြုနေသည့် စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများစုပေါင်း၍ ယနေ့မွန်းလွဲ(၁)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများက စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားသည့် “ပညာရေးအစ စာအုပ်များဖြင့်အစပြုပါ” စာအုပ်ပါ အကြောင်းအရာများကို ဖတ်ရှုကာ မိမိတို့၏အတွေးအမြင်များကို အပြန်အလှန်ဆွေးနွေးကြသည်။
စာပေဝါသနာရှင်များက ယခုစာအုပ်တွင် စာရေးဆရာသည် မိဘများအနေဖြင့် မိမိတို့ကလေးငယ်တွေ ထူးချွန်သူများဖြစ်လာစေရန်အတွက် နည်းလမ်းများစွာကိုအကြံပြုပေးထားပြီး ပညာရေး၏အစမှာ စာအုပ်များဖြစ်သည့်အတွက် အိမ်တိုင်းတွင် စာအုပ်များထားရှိခြင်းဖြင့် စာပေလေ့လာဖတ်ရှုသည့်အလေ့အကျင့်ကိုရရှိစေနိုင်ပါကြောင်း၊ ထူးချွန်သူများဖြစ်လာစေရန်အတွက် မိဘ၏အထောက်အကူကိုလိုအပ်ပါကြောင်း၊ ကျောင်းသားမိဘများအနေဖြင့် ဖတ်ရှုရန်အကောင်းဆုံးစာအုပ်ဖြစ်ကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
မင်းမင်းထွေး(ပျော်ဘွယ်)