စလင်း အောက်တိုဘာ ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် သရက်ချဥ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက် ၉နာရီ ၃၀ မိနစ်အချိန်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စလင်းမြို့နယ် ပညာရေးဦးစီးဌာန၊ သရက်ချဥ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မျိုးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးလင်းက လူငယ်နှင့်စာပေဆိုင်ရာ ခေါင်းစဥ်ဖြင့် အသိပညာပေးပြောကြားခြင်း၊ စာပေ၏အဓိပ္ပါယ် စာလုံးပေါင်းစတင်ဖြစ်ပေါ်လာပုံ၊ စာပေဆိုသည်မှ လူတစ်ဦးနှင့်တစ်ဦး သိမြင်နိုင်အောင် ကူးလူဆက်သွယ်သည့် သင်္ကေတတစ်ခုသာဖြစ်ကြောင်းဖြင့် အကျယ်တဝံ့ပြောကြားခဲ့ပြီး ပြင်ပစာအုပ်စာပေများနှင့် ကျောင်းတွင်းစာပေ ကျက်နည်းဖတ်နည်းများ စာပေဖတ်ရှုခြင်းမှ ရရှိလာမည့် အကျိုးကျေးဇူးများကို ပြောကြားခဲ့သည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှတာဝန်ခံ ဦးဆန်းလင်းက စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများဖြစ်သည့် စားသုံးသူရေးရာဦးစီးဌာန စားသုံးသူအခွင့်အရေးနှင့် စားသုံးသူများ၏ အကျိုးစီးပွားကာကွယ်ရေးနှင့် ကုန်ပစ္စည်းများ လုံခြုံစိတ်ချမှုရှိစေရေး ကုန်ပစ္စည်းများ၏ အရည်အသွေးလုပ်ငန်းများ ဆောင်ရွက်ချက်များဖြစ်သည့် ကုန်စည်တံဆိပ်အမှတ်အသား ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့် ရက်စွဲထုတ်လုပ်မှုအမှတ်စဥ်၊ ထုတ်လုပ်သူအမည်နှင့် လိပ်စာ၊ လုပ်ငန်းအမည်နှင့် လိပ်စာများ သက်ဆိုင်ရာဌာနများ၏ ဖော်ပြရန်သတ်မှတ်ထားသေ အချက်အလက်များနှင့်စားသုံးသူအခွင့်အရေးများအား ပြည့်စုံစွာ အသိပညာပေး ဟောပြောဆွေးနွေးခဲ့သည်။
ဆက်လက်၍ သရက်ချဥ်အခြခံပညာအထက်တန်းကျောင်းသား၊ ကျောင်းသူများ၏ သိလိုသည့် မေးမြန်းချက်များအား စားသုံးသူရေးရာတာဝန်ခံ ဦးဆန်းလင်းမောင်က ပြန်လည်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မျိုး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူစုစုပေါင်း အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၂၅)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
မောင်လွင်