သတင်းများ

ကလေးပြုစုရေးဌာန RC သုံးထပ်ကျောင်းဆောင်သစ်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတက်ရောက်ဖွင့်လှစ်ပေး
Oct 04,2023
ကလေးပြုစုရေးဌာန (မန္တလေး) RC သုံးထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း၃ဝx၆၃ လမ်းထောင့်ရှိ အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ မန္တလေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအောင်မင်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ လူမှုဝန်ထမ်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးသက်လှိုင်ထွန်းနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာဦးစီးမှူးများ၊ လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ သင်တန်းကျောင်းအသီးသီးမှ ကျောင်အုပ်ကြီးများ တက်ရောက်ကြသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၃/၂၀၂၃) လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်၊ မြစ်ကြီးနားမြို့ရမ်ပူရပ်ကွက်နေပြည်သူများအား သက်သာစျေးရောင်းချပေးနေမှုအား ကြည့်ရှုအားပေး
Oct 04,2023
ကချင်ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၃/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ‌အောက်တိုဘာ ၃ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးမလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကား ပြောကြားသည်။
လှိုင်းဘွဲမြို့နယ် ကွမ်ဘီကျေးရွာတွင် ထူးချွန်သော ကျောင်းသား၊ကျောင်းသူများအား ပညာရည်ချွန်ဆု ချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Oct 04,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်း၊ လှိုင်းဘွဲမြို့နယ် ကွမ်ဘီကျေးရွာတွင် ၂၀၁၉-၂၀၂၀၊ ၂၀၂၁-၂၀၂၂ နှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်များတွင် ထူးချွန်သော ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့က ကွမ်ဘီကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။
သာစည်မြို့နယ် ကြက်မောက်ကျေးရွာ၌ မြစိမ်းရောင်ရန်ပုံငွေများ ဒုတိယအကြိမ်ထုတ်ချေးပေး
Oct 04,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ် ကြက်မောက်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ဒုတိယအကြိမ်ထုတ်ချေးပေးခြင်းကို ယမန်နေ့က ကျေးရွာမြစိမ်းရောင် ကြီးကြပ်မှုကော်မတီဝင် အသင်းသား၊ အသင်းသူများထံသို့ပေးအပ်ခဲ့ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မုဒုံမြို့တွင် ဆီထွက်သီးနှံ(နေကြာ)စိုက်ပျိုးမှုစီမံကိန်း ပြည့်မီစွာဆောင်ရွက်နိုင်ရေးတွေ့ဆုံဆွေးနွေး
Oct 04,2023
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ဆီထွက်သီးနှံ(နေကြာ)တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီက ကတုံးပေါ်ကျေးရွာရှိ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ပြုလုပ်သည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ
Oct 04,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ မြတ်မင်္ဂလာခန်းမတွင် ယနေ့နံနက် (၉:၀၀)နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး အသိပညာပေးခြင်းကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်တွင် ကျောင်းသားလူငယ် လူတော်လူကောင်းများပေါ်ထွန်းရေး လူငယ်စကားဝိုင်း ကျင်းပ
Oct 04,2023
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ဗလငါးတန်နှင့်ပြည့်စုံသည့် ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး အောက်တိုဘာ(၃)ရက်နေ့က ဒရယ်(အ.ထ.က-ခွဲ)ကျောင်းခန်းမတွင် လူငယ်စကားဝိုင်းကျင်းပ ပြုလုပ်ခဲ့သည်။