ငဖဲမြို့နယ် ပင်ဦးကျေးရွာအုပ်စုတွင် အိမ်ထောင်စု(၂၄၀)စုအား စားအုန်းဆီ တစ်ပိဿာလျှင် ငွေကျပ် ၄၈၅၀ နှုန်းဖြင့် ဆက်လက်ရောင်းချပေး

ငဖဲ အောက်တိုဘာ ၄

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် ဒေသခံ ပြည်သူများ စားသုံးမှုအဆင်ပြေစေရေးအတွက် အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီ (၁)ပိဿာလျှင် ငွေကျပ် ၄၈၅၀ နှုန်းဖြင့်  ကျေးရွာများအရောက် ကွင်းဆင်း၍ ရောင်းချပေးလျက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီက ငဖဲမြို့နယ် ပင်ဦးကျေးရွာအုပ်စု လေးအိမ်စုကျေးရွာနှင့် ရေပုတ်ကျေးရွာမှ ပြည်သူများအား  လေးအိမ်စုကျေးရွာ ဓမ္မာရုံ၌ ကွင်းဆင်းရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါရောင်းချပေးရာသို့ ငဖဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးလှိုင်၊ ပင်ဦးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများက ကြီးကြပ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းများက ဝယ်ယူအားပေးသူများအား စနစ်တကျ တန်းစီ၍ ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချပေးရာတွင် ပင်ဦးကျေးရွာအုပ်စုအတွင်းရှိ လေးအိမ်စုကျေးရွာနှင့် ရေပုတ်ကျေးရွာ များမှ အိမ်ထောင်စု (၂၄၀)စုအတွက် စားအုန်းဆီ ပိသာ ၂၄၀ ကို တစ်ပိသာလျှင် ငွေကျပ် ၄၈၅၀ နှုန်း ပြင်ပပေါက်ဈေးထက်သက်သာသော ဈေးနှုန်းဖြင့် စနစ်တကျတန်းစီ၍ ဖြန့်ဖြူးရောင်းချပေးနိုင်ခဲ့သည့်အတွက် ပြည်သူတို့၏ စားဝတ်နေရေး အထောက်အကူဖြစ်စေခဲ့ကြောင်းနှင့် ငဖဲမြို့နယ်အတွင်းရှိ ကျေးရွာများအရောက် ဆက်လက်၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)