မော်လိုက်မြို့၌ မိုးရာသီ “မော်လိုက်ဖလား” အလွတ်တန်းဘောလုံးအားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

မော်လိုက် အောက်တိုဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ မိုးရာသီ “မော်လိုက်ဖလား” အလွတ်တန်း ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ (၆)နာရီအချိန်က ပြည်သူ့ အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆို ပြိုင်ပွဲကို မြို့နယ်အားကစားကော်မတီနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း ပြုလုပ်ခြင်းဖြစ်ပြီး ပထမဆုရ မြို့နယ် (၂)အသင်းအား မြို့နယ် အားကစားကော်တီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းက ဒိုင်းဆုနှင့် ငွေသားဆုကို ချီးမြှင့်ပေးအပ်ခဲ့သည်။ ဆက်လက်ပြီး ဒုတိယဆုရ ချင်းတွင်း အသင်းအား ဒိုင်းဆုနှင့် ငွေသားဆုကိုလည်းကောင်း၊ တတိယဆုရ တံတားဦး အသင်းအား ငွေသားဆုကိုလည်းကောင်း မြို့နယ်အားကစားကော်မတီဝင်များက အသီးသီးချီးမြှင့် ပေးအပ်ခဲ့ကြသည်။

မော်လိုက်မြို့ မိုးရာသီ “မော်လိုက်ဖလား” အလွတ်တန်းဘောလုံးပြိုင်ပွဲတွင်  မြို့ပေါ်ရှိ ချင်းတွင်း အသင်း၊ တံတားဦးအသင်း၊ အောင်ရတနာအသင်း၊ မြို့မ(၂) အသင်း၊ မြို့မ(၁)အသင်း၊ ညောင်ပင်သာ အသင်း စုစုပေါင်း(၆)သင်းတို့က ပတ်လည်အမှတ်ပေးစနစ်ဖြင့် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

မော်လိုက်ခရိုင်(ပြန်/ဆက်)