မြို့သစ် အောက်တိုဘာ ၄
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ လဲလူကျေးရွာအုပ်စု၊ လဲလူကျေးရွာ၊ ကွင်အမှတ်-၁၄၉၄၊ ဦးပိုင်အမှတ်-အမှတ်၂၀၈၊ တောင်သူ-ဦးသန်းထွန်းအောင်၏ (ဧရာမင်း)(F1)မျိုးစေ့ထုတ်စံပြကွက်သို့ ယမန်နေ့ နံနက်(၈)နာရီအချိန်က ရောက်ရှိကာ မြေဩဇာကြဲပတ်ပွဲနှင့် တောင်သူများနှင့်တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က သီးနှံအထွက်တိုးရရှိရန်စို က်နည်းစနစ်မှန်ကန်ရန်နှင့် တန်းခြားစိုက်ပျိုးခြင်း၊ မျိုးပွားခြင်းစသည့် စိုက်ပျိုးရေးနည်းများအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးမှ မိုးစပါးစိုက်ပျိုးမည့် လုပ်ငန်းစဥ်များနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု၊ လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဥ်များကို မြေပုံကားချပ်များဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ တောင်သူများက မိုးစပါးစိုက်ပျိုးရာတွင် ၄င်းတို့၏ လိုအပ်ချက်များကို ဆွေးနွေးတင်ပြရာ ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း ( ပြန်/ဆက်)