တန့်ယန်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား UID ကတ် ကွင်းဆင်းဆောင်ရွက်ပေး

တန့်ယန်း  ဇူလိုင် ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများထုတ်ယူရာတွင် အဆင်ပြေစေရန် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ (UID) Unique Identity ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက မြန်မာ့စီပွားရေးဘဏ်၌ ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်သက်နှင့် တာဝန်ရှိသူတို့က ကြည့်ရှုအားပေး၍ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးအရာရှိ ဦးအမ်ဇော်နော်နှင့် ရုံးဝန်ထမ်းများက Biometric (UID) စနစ်ဖြင့် Smart Card မပြုလုပ်ရသေးသော အငြိမ်းစားများအား လိုအပ်သည်များကို ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ အငြိမ်းစားဝန်ထမ်းများ လာရောက်ဆောင်ရွက်နေကြောင်း သိရသည်။

မင်းလွင်ဦး(တန့်ယန်း)