ထီးချိုင့် အောက်တိုဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ (၂)နာရီ အချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ခိုင်က ကျောင်းသား/သူများအား အသိပညာဗဟုသုတရရှိစေရန်၊ နေ့ထူး နေ့မြတ်များကို အမှတ်ရစေရန်အတွက် ကမ္ဘာ့ဆရာများနေ့ သတ်မှတ်ခဲ့ပုံ၊ ရည်ရွယ်ချက်၊ ဆရာတို့၏ ဂုဏ်အင်္ဂါ(၇)ပါး၊ နိုင်ငံတကာတွင် လိုအပ်နေမည့် မျိုးဆက် သစ် ဆရာများကဏ္ဍနှင့် ပညာခေတ်ဆရာတို့၏ အရည်အသွေး၊ ဆရာအပေါင်း၏ ကျေးဇူးကို သိရှိအမှတ်ရစေလိုကြောင်း စသည့်အကြောင်းအရာများကို ဟောပြောခဲ့ သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ပြသထားသော ကလေးအလုပ်သမားပပျောက်ရေး၊ လူကုန်ကူးမှု အန္တရာယ်အကြောင်း အသိပညာပေးစာစောင်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေး စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ရဲလင်းထွန်း (ထီးချိုင့်)