အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်း၌ လူငယ်အသိပညာပေး ဟောပြောပွဲကျင်းပ

လပွတ္တာ စက်တင်ဘာ ၃

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းတွင် သင်တန်းသူ၊ သင်တန်းသား များကို အားကစားနှင့် ကျန်းမာရေးအသိပညာ တိုးပွားစေရန် ရည်ရွယ်၍ လပွတ္တာခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနှင့် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ် အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါသင်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်အေးမှ အားကစားနှင့် လူငယ်၊ အားကစားနှင့် ကျန်းမာရေး ခေါင်းစဉ်ဖြင့် အသိပညာပေး ဆွေးနွေးရာ တက်ရောက်လာကြသည့် သင်တန်းသူများက သိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်မှ အားကစားပစ္စည်းများ ပေးအပ်ခဲ့ပြီး အားကစားဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ‌ပေးခဲ့ ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်