ရေဖြူမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင်ရေး(မွမ်းမံ) သင်တန်းဖွင့်ပွဲကျင်းပ

ရေဖြူ   အောက်တိုဘာ    

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယမန်‌နေ့နံနက်က မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်လင်းနိုင်က သင်တန်းအဖွင့်အမှာစကားပြောကြားရာတွင် အရန်မီးသတ် တပ်ဖွဲ့ဝင်များ နိုင်ငံတော်အေးချမ်းသာယာရေး အရန်အင်အားအဖြစ် အမျိုးသားရေးတာဝန်တွေကို ကျေကျေပွန်ပွန် ဆက်လက်ထမ်းရွက်ပေးကြရန် နှင့် မီးသတ်သမားတစ်ယောက်၏ စိတ်ဓာတ်ဖြစ်တဲ့ မီးမလောင်စေချင်တဲ့စိတ်၊ လောင်နေတဲ့မီးကို အမြန်ငြိမ်းစေလိုတဲ့စိတ်ကို အစဉ်မွေးမြူသွားကြရန်၊ သင်တန်းမှ သင်ကြားပေးမည့်သင်ခန်းစာကို စိတ်ဝင်တစားလေ့လာသင်ကြားပြီး ပိုမိုကျွမ်းကျင်အောင် ဆက်လက်လေ့ကျင့် ကြရန် အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာသော တာဝန်ရှိသူများက တူညီမီးသတ်ဝတ်စုံများပေးအပ်ခဲ့ကြောင်း သိရသည်။

သင်တန်းကို ရပ်ကွက်ကျေးရွာများမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ သင်တန်းသား(၁၀၀)ဦး တက်ရောက်ကြပြီး  သင်တန်းနည်းပြများက ဘာသာရပ်အလိုက် စာတွေ့လက်တွေ့များကို ကျွမ်းကျင်အောင်သင်ကြားပေး သွားမည်ဖြစ်ပြီးသင်တန်း ကာလမှာ  အောက်တိုဘာလ ၂ ရက်နေ့မှ ၂၇ ရက်နေ့ထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ခတ္တာ