သာကေတမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်လှစ်

သာကေတ အောက်တိုဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင် သာကေတမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းအမှတ်စဥ် (၁/၂၀၂၃) ဖွင့်ပွဲကို ယမန်နေ့ညနေ ၄ နာရီက သာကေတမြို့နယ် မီးသတ်စခန်းရှိ မြို့နယ်မီးသတ်ဦးစီးမှူးရုံးတွင်ဖွင့်လှစ်ရာ သာကေတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးမင်းမင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားသည်။

အဆိုပါသင်တန်းကို ညနေ ၄ နာရီမှ ည ၇ နာရီခွဲ ထိ အောက်တိုဘာ ၂ ရက်မှ ၂၇ ရက်ထိ သာကေတမြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ သင်တန်းသား ၅၀ ဦးတို့အား သင်တန်းမှူးမီးသတ်ဦးစီးအရာရှိ ဦးမင်းမင်း၊ ဒုတိယသင်တန်းမှူး ဒုတိယမီးသတ်ဦးစီးမှူး ဦးနေဝင်းထွန်းနှင့် နည်းပြများအဖြစ် တပ်ကြပ်ကြီးငြိမ်းချမ်းဆွေ၊ တပ်ကြပ်ကြီး အောင်မင်းဖြိုးနှင့် တပ်ကြပ်ဇော်ဇော်နိုင်တို့က လက်နက်မဲ့စစ်ရေးပြဘာသာရပ်၊ မီးငြိမ်းသတ်ရေးဘာသာရပ်၊ ရှာဖွေကယ်ဆယ်ရေးဘာသာရပ်၊ ရှေးဦးပြုစုခြင်းဘာသာရပ်များအပြင် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့သမိုင်းများ၊ ရည်ရွယ်ချက်များ၊ ရည်မှန်းချက်တာဝန် ၄ ရပ်များကို စာတွေ့၊ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်သည်။

သင်တန်းဖွင့်ပွဲသို့ သာကေတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)