သံဖြူဇရပ် အောက်တိုဘာ ၃
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပပြုလုပ်သည်။
ဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်ဝင်းဝင်းမာက မြို့နယ်အမျိုးသမီးရေးရာအဖွဲ့အနေဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင်ပူးပေါင်းဆောင်လျက်ရှိကြောင်း၊ အခြားသောလူမှုရေးအသင်းအဖွဲ့များနှင့်လည်းပူးပေါင်းဆောင်ရွက်ပြီး အမျိုးသမီးရေးရာအဖွဲ့ဝင်များအနေဖြင့် မြို့နယ်အတွင်းရှိရပ်ကွက်/ကျေးရွာများတွင် အမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားဆောင်ရွက်ပေးစေလိုကြောင်း၊ မိမိတို့အဖွဲ့အနေဖြင့်ယခင်ဆောင်ရွက်ခဲ့သောလုပ်ငန်းများအပေါ် ပြန်လည်ဆွေးနွေးခြင်းနှင့် ယခုလအတွင်းဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကိုရှင်းလင်းဆွေးနွေးပြီး မြို့နယ်အမျိုးသမီးရေးရာအတွင်းရေးမှူးမှလည်း လုပ်ငန်းကဏ္ဍအလိုက်ဆောင်ရွက်ခဲ့မှုအပေါ် ဖြည့်စွတ်ဆွေးနွေးသည်။
ထို့နောက်တက်ရောက်လာကြသည့် အဖွဲ့ဝင်များမှလည်း ဆောင်ရွက်ရမည့်လုပ်ငန်းများအပေါ် တင်ပြဆွေးနွေးရာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌမှ ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)