မချမ်းဘောမြို့နယ်၊နမ်းခမ်းကျေးရွာတွင် နိုင်ငံ့စီးပွါးမြင့်တင်ရေးရန်ပုံငွေဖြင့် ငါးမွေးမြူရေး ဆောင်ရွက်သော တောင်သူများအတွက် ငါးဖမ်းပိုက်များ ထောက်ပံ့ပေးအပ်ပွဲကျင်းပ

မချမ်းဘော အောက်တိုဘာ ၃

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်၊ နမ်ခမ်းကျေးရွာတွင် ဒေသခံငါးမွေးတောင်သူများ မွေးမြူထားသော ငါးများအလေအလွင့် မရှိဖမ်းယူနိုင်ရန်ရည်ရွယ်၍ ကချင်ပြည်နယ်အစိုးရအဖွဲမှထောက်ပံ့ သောငါးဖမ်းပိုက်များပေးအပ်ပွဲအခမ်းနားကို ယနေ့နံနက်၁၁ နာရီက နမ်ခမ်ကျေးရွာခန်းမ၌ ကင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ငါး လုပ်ငန်းဦးစီးဌာနဦးစီးမှူးက ငါးဖမ်းပိုက်သုံးစွဲနည်းများကို အသိပညာပေးရှင်းလင်းကာ ကချင်ပြည်နယ် အစိုးရအဖွဲ့မှထောက်ပံ့ပေးအပ်သော တစ်လက်လျှင် ကျပ်၂၅သိန်းတန်ဖိုးရှိ ဖော့စာငါးဖမ်းပိုက်၂လက် စုစုပေါင်းတန်ဖိုးကျပ်သိန်း ၅၀တန်ဖိုးရှိဖော့ စာငါးဖမ်းပိုက်များကိုထောက်ပံ့ပေးအပ်ရာ နမ်ခမ်ကျေးရွာ ငါးမွေးတောင်သူများကိုယ်စား ငါးမွေးတောင်တစ်ဦးမှလက်ခံရယူခဲ့ကြောင်းသိရသည်။

မချမ်းဘောမြို့နယ်အတွင်း တစ်ပိုင်တစ်နိုင်ငါးမွေးမြူရေး လုပ်ငန်းဖွံဖြိုးတိုးတက်လာစေရန်နှင့် သဘာဝငါး သယံဇာတများအပြည့်အဝ အသုံးချတတ်လာစေရန်ရည်ရွယ်၍ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွန်မှာကြားချက်နှင့်အညီ အခြေခံငါးမွေးမြူရေးနှင့်ငါးဆေးထိုးသားဖောက်နည်း ဆင့်ပွားသင်တန်းများ ပို့ချပေးခြင်း၊ ငါးသားပေါက်များထောက်ပံ့ပေးခြင်း၊ မတည်ရင်နှီးငွေများပေးအပ်ခြင်းတို့ကို ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

ယောရွှေနီ(မချမ်းဘော)