ပင်းတယ ဇူလိုင် ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဆင့်ရုံး (ပင်းတယ)၊ Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က Book Club ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး(ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် စာရေးဆရာ ချစ်စံဝင်းရေးသားသည့် “ရန်ကစ်က ချန်စစ်” ယခုစာအုပ်အနေဖြင့် ပြည်သူများလေ့လာဖတ်ရှုသင့်သည် စာအုပ်ကောင်းတစ်အုပ် ဖြစ်ကြောင်းကို ရှင်းလင်းပြောကြားပေးသည်။ ထိုနောက် Book Club ဝင်များက စာရေးဆရာ ချစ်စံဝင်းရေးသည့် “ရန်ကစ်က ချန်စစ်” စာအုပ်ပါအကြောင်းအရာများအနက်မှ “ ရှင် ဈေးသွား၊ ကျွန်မ စာရေးမယ် ”၊ “မောင်စံ မလာရောက်နိုင် သေးကြောင်းပါဘုရား”၊“ ကြိုးနီစနစ် ဟူသည်”၊ “စောင့်စားသူရယ်နှင့် သရော်စာ ဆိုသည်မှာ” အကြောင်းအရာများကို ဖတ်ရှုခဲ့ကြ၍ Book Club ဝင်များက အဆိုပါ စာအုပ်တွင် ပါဝင်သည့် အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကာ ယခုစာအုပ်သည် ဒေါက်တာချစ်စံ (ချစ်စံဝင်း)၏ ၂၁၂ အုပ်မြောက်ထုတ်ဝေသည့် စာအုပ်ဖြစ်ကြောင်းလည်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)