ဖျာပုံ ဇူလိုင် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အမာမြို့ နောက်မီးကျေးရွာ ပျဥ်ဒရယ်သစ် တောကြိုးဝိုင်းအကွက်အမှတ် (၅၆)တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၏ လမ်းညွှန်မှုဖြင့် ၂၀၂၅ ခုနှစ် မိုးရာသီ ဒီရေတော သစ်ပင်စိုက်ပျိုးပွဲကို ဖျာပုံမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဇံရွှေနှင့်ဝန်ထမ်းများမှဦးဆောင်၍ "ကမ်းရိုးတန်း လူနေမှုဘဝတည်ငြိမ်ဖို့ ဒီရေတောဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစို့" ဟူသောဆောင်ပုဒ်နှင့်အညီ ဆူနာမီ၊ဆိုင်ကလုန်းနှင့်အခြားပြင်းထန်သော ရာသီဥတုဒဏ်မှ အကာအကွယ် ပေးနိုင်ရန်နှင့်ကမ်းရိုးတန်နေ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်တို့ကို အကာအကွယ်ပေးနိုင်ရန်၊သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အပူဒဏ်ကာကွယ်နိုင်ရေးနှင့် သစ်တောသစ်ပင်တန်ဖိုးများကို အများပြည်သူများ အလေးထားသိရှိနိုင်စေရန်ရည်ရွယ်၍ ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့နယ်၊အမာမြို့အဆိုပါကျေးရွာ ပျဥ်ဒရယ်သစ်တောကြိုးဝိုင်း၌ ကျင်းပပြုလုပ်သည်။
အဆိုပါ ၂၀၂၅ ခုနှစ် မိုးရာသီဒီရေတော သစ်ပင်စိုက်ပျိုးပွဲတွင် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးက အဖွင့်အမှာစကားပြောကြားပြီး၊ဖျာပုံမြို့နယ်သစ်တောဦးစီးအရာရှိ ဦးကျော်ဇံရွှေက ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦး၊ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ကျော်မင်းယုတို့ထံ ပျိုးပင်များပေးအပ်သည်။ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းနှင့် မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိတို့က ပြည်သူများသို့ ပျိုးပင်များအသီးသီးပေးအပ်ပြီး၊ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ဖျာပုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊အမာမြို့အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊မြို့နယ် သစ်တောဦးစီးအရာရှိ နှင့်ဝန်ထမ်းများ၊ ဒေသခံပြည်သူများက "ကမ်းရိုးတန်း လူနေမှုဘဝတည်ငြိမ်ဖို့ ဒီရေတောဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစို့ "ဟူသောဆောင်ပုဒ်နှင့်အညီ သမဲ့ကြီး (၅၀၀)၊ ဗြူးအုပ်ဆောင်း (၄၀၀)၊ ကျန(၁၀၀)၊ သရော (၈၀)၊ပင် စုစုပေါင်းပျိုးပင် (၁၀၈၀) ပင် အားတပျော်တပါး စနစ်တကျစိုက်ပျိုးခဲ့ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်
ဖျာပုံခရိုင် (ပြန်/ဆက်)