လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်‌ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

လှိုင်သာယာ ဇူလိုင် ၂

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် သွေးလွန်တုပ်ကွေး ရောဂါကြိုတင်ကာကွယ်ရေးအတွက် ခြင်ခိုလှုံပေါက်ဖွားနိုင်သော နေရာများအား လိုက်လံစစ်ဆေး၍ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိ‌တ်‌ဆေးခပ်ခြင်းနှင့် ကလိုရင်းဆေးခပ်ခြင်း လုပ်ငန်းများကို ဇူလိုင် ၂၃ ရက်နေ့ နံနက် (၈) နာရီ၌ အမှတ် (၆) ရပ်ကွက်နေ ပြည်သူအိမ်များအား တစ်အိမ်တက်တစ်အိမ်ဆင်း ကွင်းဆင်းစစ်‌ဆေးဆောင်ရွက်လျက်ရှိသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် ပိုးလောက်လန်းပေါက်ပွားနိုင်သည့် နေရာများ ရှိ/မရှိ စစ်ဆေးခြင်း၊ ဖုံး၊ သွန်၊ လဲစစ် လုပ်ငန်းများ ပုံမှန်ဆောင်ရွက်နိုင်ရေး၊ မိုးရေတင်နိုင်သော တာယာကွင်းများ၊ အိုးခွက်များအတွင်း ခြင်ပေါက်ပွားမှု မရှိစေရေးဆောင်ရွက်ခြင်းနှင့် ရေစည်၊‌ ရေကန်များတွင် အဘိတ်ဆေးခတ်၍ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများအား အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာန၀န်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ တိုင်းကျန်းမာရေးဦးစီးဌာနမှ ဆရာ/ဆရာမများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့၀င်များတို့ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခင်၀င်းမူ (ပြန်/ဆက်)