အင်းစိန် ဇူလိုင် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမ၌ ရုံးစာရေးသားနည်းသင်တန်း (၁/၂၀၂၅) ကို ဇူလိုင် ၂၃ ရက်နေ့ နံနက် (၁၀) နာရီအချိန်က စတင်ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက အမှာစကားပြောကြားခဲ့ပြီး ဦးစီးအရာရှိ ဒေါ်ခင်နှင်းကြည်က ကသင်တန်းဖွင့်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ကြသည်။
ထိုသင်တန်းတွင် ဝန်ထမ်းများအား ရုံးလုပ်ငန်းသဘောတရား၊ စာရွက်စာတမ်းများ လုံခြုံစွာကိုင်တွယ်ထိန်းသိမ်းခြင်း၊ ဝင်စာထွက်စာ/ထွက်စာများအရေး ယူဆောင်ရွက်ခြင်း၊ စာတွဲခြင်းနှင့် စာတွဲထန်းခြင်းများကို စာတွေ့လက်တွေ့ သင်ကြားပို့ချမည်ဖြစ်သည်။
သင်တန်းကို ဇူလိုင်လ(၂၃)ရက်နေ့မှ ဇူလိုင်လ (၂၅)ရက်ထိ (၃)ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သင်တန်းသား/သူ အမှုထမ်း၀န်ထမ်း (၁၇) ဦးတို့ တက်ရောက်ကြောင်း သိရသည်။
ထွန်းလင်းကျော် (ပြန်/ဆက်)