တံတား ဇူလိုင် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ၏ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ဇူလိုင် ၂၃ ရက်နေ့ နေ့လယ် (၁၂) နာရီက ပြုလုပ်ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မိုးဖြူလွင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာဖတ်စွမ်းရည်ကို တိုးတက်မြင့်မားလာစေရန်၊ မိမိကိုယ်ကို ရှုမြင်သုံးသပ်မှုအားကောင်းလာစေရန်၊ အမှားမှန်ကို ဝေဖန် ပိုင်းခြားတတ်စေရန်၊ စာဖတ်ခြင်းကို လက်တွေ့အသုံးချခြင်းဖြင့် အတွေ့အကြုံနှင့် လေ့ကျင့်မှုရရှိလာစေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါဖတ်စွမ်းရည်ပြိုင်ပွဲကို ၎င်းတို့၏ စာဖတ်နိုင်သည့် စွမ်းရည်နှင့် လျော်ညီသည့် စာအုပ်များ ကိုယ်ကိုတိုင်ဖတ်ပြစေခြင်း၊ အပြန်အလှန်ဝေဖန်သုံးသပ်စေခြင်းများ ပြုလုပ်ခဲ့ရာ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၀) ဦးတို့ ပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ခန့်စည်သူဝင်း (ပြန်/ဆက်)