ရန်ကုန် ဇူလိုင် ၂၅
သန်လျင်ခရိုင် သန်လျင်မြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကွန်စတန် (သွားကျန်းမာ) ဦးဆောင်၍ သာကေတသွားနှင့် ခံတွင်းဆေးရုံနှင့် အနောက်ပိုင်းဆေးရုံမှ သွားဆရာဝန်များ၊ သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစံလင်းနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ မြို့နယ်အမျိူးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းများ ပူးပေါင်း၍ သွားနှင့် ခံတွင်းကျန်းမာရေးနှင့် စနစ်မှန်သွားတိုက်နည်းအကြောင်းဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြခြင်းကို ဇူလိုင် ၂၂ ရက်နေ့က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ဘိုးရာဇာခန်းမ၌ ကျင်းပခဲ့သည်။
ထို့နောက် တာဝန်ရှိသူများက သွားနှင့် ခံတွင်းကျန်းမာရေးနှင့် စနစ်မှန်သွားတိုက်နည်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားပြီး KG တန်း ကျောင်းသား၊ ကျောင်းသူများအား အုပ်စုဖွဲ့၍ စနစ်မှန်သွားတိုက်နည်းကို လက်တွေ့သရုပ်ပြသင်ကြားပေးပေးခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ (ပြန်/ဆက်)