နမ္မတူ အောက်တိုဘာ-၉
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် အိုမီခရွန်အပါအဝင် ကိုဗစ်၁၉မျိုးဗီဇပြောင်းရောဂါပိုးများ ကြိုတင်ကာကွယ်ရေးနှင့် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံနိုင်ရေး (Hand Speaker)ဖြင့် အသိပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နမ္မတူမြို့နယ်ရုံးရှိ ဝန်ထမ်းများက ယနေ့နံနက် (၉)နာရီအချိန်က နမ္မတူရပ်ကွက်နှင့် ပန်ဟိုက်ရပ်ကွက်တို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အိုမီခရွန်အပါအဝင် ကိုဗစ်-၁၉မျိုးဗီဇပြောင်းရောဂါပိုးများ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် နမ္မတူမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်တိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်ပါ၊ လက်ကိုစက္ကန့် (၂၀)ကြာအောင် စင်ကြယ်စွာ ဆေးကြောပါ၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေပါ၊ တတ်နိုင်သမျှ မိမိအိမ်တွင်း၌သာ နေထိုင်ပါ၊ ချောင်းဆိုးနှာချေလျှင် တံတောင်ဆစ်ကွေးနှင့်အုပ်၍ ဆိုးပါ၊ ပြတင်းပေါက်များကို ဖွင့်ထားပါ၊ လူစုလူဝေးရှောင်ရှားပါ၊ သံသယလက္ခဏာ ခံစားရလျှင် နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်ပါ၊ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံမှုခံယူခြင်းနှင့် ကာကွယ်ရေး နည်းလမ်းများကို လိုက်နာခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများအား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)