မက်မန်းမြို့၌ တစ်ရှူးငှက်ပျောစိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိ

မက်မန်း အောက်တိုဘာ ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် နေထိုင်ကြသော ဒေသခံပြည်သူများသည် စီးပွားရေး၊ မွေးမြူရေး၊ တောင်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် ဥယျာဉ်ခြံမြေများကိုလည်း တစ်ပိုင်တစ်နိုင်စိုက်ပျိုး၍ မိသားစုစားဝတ်နေရေးကို  အဆင်ပြေစွာ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ စိုက်ပျိုးရာတွင် သဘာဝအလျှောက် ပေါက်ရောက်သည့် ဒေသထွက် ငှက်ပျောမျိုးများကို စိုက်ပျိုးလျက်ရှိသကဲ့သို့ အသီးထွားနှုန်း ကောင်းမွန်ပြီး ရောင်းအားကောင်းသော တစ်ရှူးငှက်ပျောများကို စိုက်ပျိုးလျက်ရှိရာ မက်မန်းမြို့၊ ရပ်ကွက်(၁)နေ တစ်ရှူးငှက်ပျောစိုက်ပျိုးသူ ဦးအောင်ကိုဝင်း မိသားစုတွင် တစ်ရှုးငှက်ပျော တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။ “ဦးအောင်ကိုဝင်း မိသားစုသည် တစ်ရှူးငှက်ပျောများကို စိုက်ပျိုး၍ ရောင်းချရာတွင် တစ်ရှူးငှက်ပျောတစ်ပင်တွင် တစ်ရှူးငှက်ပျော (၁၄)ဖီးမှ (၁၆)ဖီးထိ ရရှိကြောင်း၊ တစ်ဖီးလျှင် ငွေကျပ်(၄၀၀၀)မှ (၅၀၀၀)အထိ ရောင်းချရကြောင်း၊ တစ်ရှူးငှက်ပျောတစ်ခိုင်ရောင်းလျှင် ငွေကျပ် ငါးသောင်းမှ ငါးသောင်းငါးထောင်ထိ ရရှိကြောင်း၊ တစ်ရှူးငှက်ပျောစိုက်ပျိုး၍ မိသားစု အပိုဝင်ငွေ ရရှိအောင် စိုက်ပျိုးသင့်ပါကြောင်း” ပြောကြားခဲ့သည်။

စောဥမ္မာ (ခရိုင်၊ပြန်/ဆက်)