မှော်ဘီ အောက်တိုဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် သမဝါယမအသင်းစုလီမိတက် (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် ဒါရိုက်တာအဖွဲ့ ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်သမဝါယမအသင်းစုလီမိတက်ရုံးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးထွန်းမြင့်က လုပ်ငန်းဆိုင်ရာများ ရှင်းလင်းပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဥမ္မာမြင့်က အမှာစကားပြောကြားခြင်း၊ ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို အုပ်ချုပ်မှုဒါရိုက်တာ ဦးအေးကြူက ဖတ်ကြားခြင်းနှင့် အသင်းသားစာရင်းစစ်အဖွဲ့၏ အစီရင်ခံစာအား မှော်ဘီမြို့နယ်သမဝါယမအသင်းစုလီမိတက်အဖွဲ့ဝင် ဦးတင်ထွန်းက ဖတ်ကြားခဲ့ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဆက်လက်၍ အသင်းဝင်ကိုယ်စားလှယ်များက ဆွေးနွေးမေးမြန်းခြင်းနှင့် ဆွေးနွေးမေးမြန်းချက်များကို ဒါရိုက်တာအဖွဲ့က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒါရိုက်တာအဖွဲ့ ရွေးချယ်တင်မြောက်ပွဲကို ဆက်လက်ရွေးချယ်ခဲ့ရာ အရွေးချယ်ခံပြီး အမှုဆောင်အသစ်များအနေဖြင့် ရွေးချယ်ရေးအဖွဲ့ခေါင်းဆောင် ရန်ကုန်တိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေသူမြင့်ရှေ့မှောက်တွင် ကတိသစ္စာခံယူခဲ့ကြောင်း သိရသည်။
ဝင်းဇော်(မှော်ဘီ)