ရေးမြို့ ကုတင် (၁၀၀) ပြည်သူ့ဆေးရုံ သန့်ရှင်းသာယာလှပရေး  စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ရေး  အောက်တိုဘာလ ၁၄

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ယနေ့ နံနက်(၇း၃၀) အချိန်က ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်၊ ကုတင် (၁၀၀) ပြည်သူ့ ဆေးရုံဝန်းကျင် အတွင်းအပြင် သန့်ရှင်းရေးကို စုပေါင်း ပြုလုပ်ခဲ့ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲရေးမှူးဌာနချုပ် ဒုတိယစစ်ဆင်ရေးကွက်ကဲရေးမှူး ဗိုလ်မှူးကြီး စံညိုဝင်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဉီးစန်းမင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဖြိုးဇေယျာစိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဥာဏ်ထွန်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့ပေါ် ရပ်ကွက်များမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လူမှုရေးအသင်းဖွဲ့များမှ တပ်ရင်းတပ်ဖွဲ့များနှင့် ဦးစီးဌာနမှ ဝန်ထမ်းများစုစုပေါင်းအင်အား (၃၀၀)ဉီးတို့မှ  ဆေးရုံအတွင်း၊ အပြင် သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊  အမှိုက်သရိုက်များအား သယ်ယူခြင်း၊ ခြုံနွယ်များ ရှင်းလင်းခြင်း၊ အမိုး၊ မီးကြိုးနှင့် မလွတ်ကင်းသော သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေမြောင်များ ပိတ်ဆို့မှုမရှိစေရေး၊ ရေစီး ရေလာကောင်းမွန်ရေး ရှင်းလင်းခြင်း လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 ရေး၊ ပြန်/ဆက်