သံဖြူဇရပ် အောက်တိုဘာ ၁၄
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ အယ်လ်နီညိုအကြောင်း အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၁၀ နာရီ အချိန်က ကျိုက္ခမီမြို့၊ အောင်ပင်လယ်ရပ် ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးသက်နိုင်ဝင်းက ကမ္ဘာတစ်ဝှမ်းတွင် ရာသီဥတုဖောက်ပြန်မှုကြောင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးဖြစ်ပေါ်လျက်ရှိရာ လေဘေး၊ ရေဘေးအန္တရာယ်များအပြင် အပူလွန်ကဲခြင်း၊ အအေးလွန်ကဲခြင်းများကို ကမ္ဘာပေါ်ရှိ အခြားနိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း တွေ့ကြုံခံစားနေရပါကြောင်း၊ ၂၀၂၃ ခုနှစ် စက်တင်ဘာ၊ အောက်တိုဘာလမှစ၍ အယ်လ်နီညိုရာသီဥတုပြောင်းလဲမှုဖြစ်စဥ်များကြောင့် အပူလွန်ကဲခြင်း၊ မိုးခေါင်ရေရှားခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီးရေလျှံခြင်း၊ တောမီးလောင်ခြင်းများဖြစ်ပေါ်စေနိုင်ကြောင်း၊ ထို့ကြောင့် အယ်လ်နီညို ရာသီဥတုသက်ရောက်မှုကြောင့် ထိခိုက်ဆုံးရှုံးမှုများဖြစ်ပေါ်နိုင်သဖြင့် ဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရေးအတွက် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ကြိုတင်ကာကွယ်ခြင်း၊ အယ်လ်နညိုဖြစ်ပွါးနေချိန်တွင် လုပ်ငန်းများဆောင်ရွက်ခြင်း၊ အယ်လ်နီညိုဖြစ်ပွါးပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ရေလုပ်သားများမှ သိရှိစေရေး အသိပညာပေးပြောကြားပြီး၊ တက်ရောက်လာကြသည့် ရေလုပ်သားများမှ သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးရာ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးသက်နိုင်ဝင်းက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)