ချမ်းအေးသာစံ ဇူလိုင် ၂၆
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်းကာ စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းကျင်းပဆောင်ရွက်ခဲ့ရာ စာရေးဆရာမကြီး ဒေါ်တင်မမခိုင်(မန်းတက္ကသိုလ်)၊ ဒေါ်အေးအေးခိုင်(ပညာရေး)၊ ဒေါ်စုစုကြည်(အမေ့အိမ်)၊ စာရေးဆရာကြီး ဦးချစ်ဝိုင်း(ဥပဒေ)၊ ဦးမောင်မောင်ညို(ရှေ့နေမောင်မောင်ညို)၊ ဦးဌေးလွင်(သျှန်ဋ္ဌေး)၊ ဦးစိုင်းအောင်မိန်း(မိုတိုင်း)၊ ဦးစောကျော်နိုင်(စောချိုသာ)နှင့် မြို့နယ်စာရေးဆရာအသင်းမှ အသင်းသားများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ စာရေးဆရာကြီး ဦးစိုင်းအောင်မိန်း(မိုတိုင်း)မှ တက္ကသိုလ် ဘုန်းနိုင်ရေးသော တပြည်သူမရွှေထား စာအုပ်မှ ပါဝင်သည့်အကြောင်းအရာများကို ဖတ်ကြားခဲ့ပြီး စာရေးဆရာကြီး ဦးချစ်ဝိုင်း(ဥပဒေ)မှ တက္ကသိုလ် ဘုန်းနိုင်ရေးသော တပြည်သူမရွှေထား စာအုပ်တွင် ပါဝင်သည့်မှတ်သားဖွယ်ရာများကို ထပ်မံဖတ်ကြားခဲ့သည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာကြီး၊ ဆရာမကြီးများသည် စာတမ်းဖတ်ပွဲ အစီအစဥ်ကို လစဥ်လတိုင်း ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)