ဘားအံမြို့၌  Professional  Sale Training For Real Estate (အရောင်းမြှင့်တင်ရေး)သင်တန်းဖွင့်

ဘားအံ  ဇူလိုင် ၂၆

မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)မှ ကြီးမှူးကျင်းပသော Professional Sale Training For Real Estate (အရောင်းမြှင့်တင်ရေး)သင်တန်းဖွင့်ပွဲကို ဇူလိုင်လ ၂၄ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ တော်ဝင်ရတနာဟိုတယ်၌ ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းဗဟိုဥက္ကဋ္ဌဒေါ်မို့မို့အောင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ရှင်းလင်းပြောကြားပြီး မြန်မာ နိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း ကရင်ပြည်နယ်ဥက္ကဋ္ဌဒေါ်ဆုခက်ခက်လင်းနှင့် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း မွန်ပြည်နယ် ဥက္ကဋ္ဌဦးလှဖုန်းလင်းတို့က နှုတ်ခွန်းဆက်စကားပြောကြားကာ သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

ထို့နောက် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းဗဟိုမှတာဝန်ရှိသူများက အိမ်ခြံမြေအတွက် Professional Sale Training For Real Estate (အရောင်းမြှင့်တင်ရေး)အကြောင်းအရာများကို အိမ်ခြံမြေအသင်းဝင်များ ပိုမိုနားလည်လုပ်ကိုင်တက်စေရန် ဆွေးနွေးပို့ချပေးခဲ့ပြီး သင်တန်းဆင်းလက်မှတ်များချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)