ငါ့သရောက်မြို့  Community  Centre  ခန်းမ၌ စာပေ ချစ်မြတ်နိုးသူများအသင်း ( Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်း ကျင်းပ

ငါ့သရောက်  မတ် ၁၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community  Centre  ခန်းမတွင်  စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာပေကို မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍  ယနေ့ နံနက်  ၁၀ နာရီ အချိန်က စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဒုတိယဦးစီးမှူး ဒေါ်အေးအေးမိုးက စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို  ရှင်းလင်းပြောကြားပြီး  စာပေချစ်သူများအသင်းမှ  ( Book Club)  အဖွဲ့ဝင် ဒေါ်ပန်းပြည့်မိုးက စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားထားသော” စာအုပ်ကလူကိုပြုပြင်ပါတယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Book Club) အဖွဲ့ဝင် ဒေါ်သဲနုက “လောကထဲက လူလေးမျိုး” ခေါင်းစဉ်ဖြင့်လည်းကောင်း ဦးဆောင်ဆွေးနွေးရာ စာဖတ်ဝိုင်း တက်ရောက်လာသူ  စာပေချစ်မြတ်နိုးသူများနှင့် စာပေဝါသနာရှင်များက ဗဟုသုတ ရစေမည့် စာအုပ်ပါ အကြောင်းအရာများကို အသီးသီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူ (လူငယ်)များနှင့် စာအုပ်စာပေ ချစ်မြတ်နိုးခြင်း၊ စာပေဖတ်ရှုလေ့လာခြင်းစသည့် အလေ့အကျင့် ကောင်းများ ဖြစ်ပေါ်လာစေရန်  အသိပညာ ဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ ( Book Club) အဖွဲ့ဝင်များဖြင့် လစဉ် စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)