မွန်ပြည်နယ်ဝန်ကြီးချုပ် ကျိုက်မရောမြို့နယ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာ ဖြေဆိုနေမှု ကြည့်ရှုအားပေး

ကျိုက်မရော မတ် ၁၂

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက ကျိုက်မရောမြို့ (အ.ထ.က) ကျောင်း စာစစ်ဌာနသို့ သွားရောက်ပြီး (၂၀၂၃-၂၀၂၄) ပညာသင်နှစ်  တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့  အင်္ဂလိပ်စာအား ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ  ​ဖြေဆိုနေမှုကို ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်က တာဝန်ရှိသူများအား တက္ကသိုလ်ဝင်စာမေးပွဲ​ဖြေဆိုနေစဥ် ကာလအတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိစေရေးနှင့် မလိုလားအပ်သည့်အသံများ​ ဆူညံမှုမဖြစ်ပွားစေရေး ကြပ်မတ်ဆောင်ရွက်ကြရန်နှင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရာတွင် တာဝန်ထမ်းဆောင်ပေးကြသည့် ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာများ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

ကျိုက်မရောမြို့နယ်၌  ၂၀၂၄ခုနှစ်  တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၀၃)ရှိရာ ဖြေဆိုမှု  ၈၉ ဒသမ ၉၁ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)