မိတ္ထီလာ မတ် ၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ လုပ်ငန်း ခွင်ပြင်ပ ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့်ထုတ်ပေးခြင်းကို မတ်လ ၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ဥယျာဉ်ကျေးရွာရှိ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံမှ အာမခံအလုပ်သမား ဦးဖိုးတလုပ်၏ နေအိမ်တွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ် လူမှုဖူလုံရေးရုံးမှ ရုံးခွဲတာဝန်ခံ ဦးစီးအရာရှိ ဒေါ်အိသဉ္ဇာမောင်နှင့် တာဝန်ရှိသူများက တောမကျေးရွာအုပ်စု ဥယျာဉ်ကျေးရွာရှိ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံမှ အာမခံအလုပ်သမား ဦးဖိုးတလုပ်သည် လုပ်ငန်းခွင်ပြင်ပထိခိုက်မှုကြောင့် လူမှုဖူလုံရေးရုံး၏ ၂၀၁၂ခုနှစ် လူဖူလုံရေးဥပဒေနှင့်အညီ လုပ်ငန်းခွင်ပြင်ပ ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှုနှင့်ဆိုင်သော အကျိုးခံစားခွင့် ငွေကျပ် ၇၁၄၄၂၀၀ အား ဥယျာဉ်ကျေးရွာရှိ ဦးဖိုးတလုပ်၏ နေအိမ်သို့ ဦးဖိုးတလုပ်ထံ လက်ဝယ်အရောက် သွားရောက် ပေးအပ်ခဲ့ကြောင်း မြို့နယ်လူမှုဖူလုံရေးရုံးမှ ရုံးခွဲတာဝန်ခံ ဦးစီးအရာရှိ ဒေါ်အိသဉ္ဇာမောင်ထံမှ သိရသည်။
အဆိုပါ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ လုပ်ငန်းခွင်ပြင်ပ ထိခိုက်မှုကြောင့် အမြဲတမ်း မသန်စွမ်းမှု အကျိုးခံစားခွင့်ထုတ်ပေးခြင်းကို လူမှုဖူလုံရေးရုံးမှ ရုံခွဲတာဝန်ခံ ဦးစီးအရာရှိ ဒေါ်အိသဉ္ဇာမောင်၊ အလုပ်သမားဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလေးနွယ်၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်တင်တင်မိုး၊ အမှတ်(၁) တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံမှ လက်ထောက်စက်ရုံမှူး ဦးချိုဝင်းနှင့် တာဝန်ရှိသူများက သွားရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)