လှိုင်းဘွဲ မတ်လ ၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင် စာမေးပွဲကို မတ်လ(၁၁)ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ စုစုပေါင်းကျောင်းသား၊ကျောင်းသူ (၃၁၉)ဦး ဝင်ရောက်ဖြေဆိုမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် အထက-လှိုင်းဘွဲ စာစစ်ဌာနနှင့် အထက-ရွှေဂွန်း စာစစ်ဌာနတို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး အထက-လှိုင်းဘွဲစာစစ်ဌာနတွင် ကျောင်းဖြေ ကျောင်းသား၊ ကျောင်းသူ(၁၇၉)ဦး၊ အလွတ်ဖြေ ကျောင်းသား၊ကျောင်းသူ(၄)ဦးနှင့် အထက-ရွှေဂွန်းကျောင်းတွင် ကျောင်းဖြေ ကျောင်းသား၊ ကျောင်းသူ(၁၂၄)ဦး၊ အလွတ်ဖြေ ကျောင်းသား၊ကျောင်းသူ(၁၂)ဦး၊ စုစုပေါင်း ကျောင်းသား၊ကျောင်းသူ (၃၁၉)ဦး ဝင်ရောက်ဖြေဆိုမည် ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆို နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများက စီစဉ်ဆောင်ရွက် ထားရှိကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)