သတင်းများ

လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ
Jul 24,2023
ယင်းမာပင်မြို့၊ အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်မှလှူဒါန်းလာသော လင်းခေးမြို့နယ် သံဃဆေးကုသဆောင်အသစ်တည်ဆောက်ရေး အတွက်အလှူငွေကျပ်သိန်း(၂၀၀) ကျပ်အား ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ
Jul 24,2023
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးမှ လှူဒါန်းပေးပို့လာသော ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ် သံဃဆေးကုသဆောင်အသစ် တည်ဆောက်သွားနိုင်ရေးအတွက် လှူဒါန်းငွေကျပ်သိန်း(၂၀၀)ကျပ်အား လင်းခေးခရိုင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတို့က ထပ်ဆင့်ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နံနက်၁၀နာရီက လင်းခေးမြို့၊မဟာ ဝိဟာရကျောင်းကြီးကျောင်းပရိ ယတ္တိစာသင်တိုက်သုံး ထပ်ဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကန့်ဘလူမြို့၌ လူငယ်နှင့်အကောင်းဆုံးဘဝကို တည်ဆောက်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ
Jul 24,2023
မျိုးဆက်သစ်လူငယ်လူရွယ်များ အတွေးအမြင်၊ အယူအဆများ မှန်ကန်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားရန်နှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်၍ စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားသည့် “လူငယ်နှင့်အကောင်းဆုံးဘဝကို တည်ဆောက်ခြင်း” စာအုပ်မှ ဆောင်းပါးများအား စာပေဝါသနာရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းတုံမြို့၌ ပန်းခင်းစီမံချက်-၂ ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ကွင်းဆင်းဆောင်ရွက်
Jul 24,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ဝမ်နားကျေးရွာအုပ်စု၊ ပိန်မုန်းကျေးရွာနှင့် ဝမ်ပုန်ကျေးရွာသို့ ပန်ခင်းစီမံချက်-၂ ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများပြုလုပ်‌ပေးခြင်းကို‌ ဇူလိုင် (၂၂))ရက်နေ့ နံနက် (၉) နာရီက ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။
သရက်မြို့၌ ပလတ်စတစ်သုံးစွဲမှု လျော့ချရေး အသိပညာပေးခြင်းနှင့် အင်ဖက်များ အခမဲ့ ဖြန့်ဝေ
Jul 24,2023
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ် လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ်ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက် စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်း Campaign နှင့် အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက်(၈:၃၀)နာရီက မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့သည်။
လယ်ဝေးမြို့ ဖောင်တော်ချက်မစေတီတော်မြတ်ကြီး၏ မင်္ဂလာကန်တော်အတွင်းရှိ ပိုလျှံနေသည့်ငါးများအား စစ်တောင်းမြစ်အတွင်းသို့ ဘေးမဲ့လွှတ်ခြင်းများ စတင်ဆောင်ရွက်
Jul 24,2023
ပြည်ထောင်စုနယ်​မြေ၊ နေပြည်တော်လယ်ဝေးမြို့နယ်၊ မြို့ကျက်သရေဆောင် ဖောင်တော် ချက်မစေတီတော်မြတ်ကြီး၏ မင်္ဂလာကန်တော်အတွင်းရှိ ပိုလျှံနေသည့်ငါးများအား ယမန်နေ့နံနက်ပိုင်းမှစ၍ စစ်တောင်းမြစ်အတွင်းသို့ ဘေးမဲ့လွှတ် ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့်ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံးကျောင်းများနှင့် ဂုဏ်ထူးရအောင်သင်ကြားပေးခဲ့သည့် ဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ ကျင်းပ
Jul 24,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ရွှေဧရာအောင် အားကစားခန်းမတွင် ယမန်နေ့နံနက် (၁၀)နာရီက ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံး ကျောင်းများနှင့် ဂုဏ်ထူးရအောင် သင်ကြားပေးခဲ့သည့် ဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။
မြို့သစ်မြို့၌ ခရမ်းချဥ်သီးစျေးတစ်ထောင့်ငါးရာကျပ်ဖြင့် အတက်အကျမရှိ ရပ်တန့်နေ
Jul 24,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားပြီးလုပ်ကိုင်ကြပြီး မြို့နယ်အတွင်းမှ တောင်သူများသည် "ပဲ၊ ပြောင်း၊ စပါး၊ နှမ်းနှင့် မြေပဲ"တို့နှင့်အတူ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ခရမ်းချဥ်သီးကိုလည်း တွဲဖတ်စိုက်ပျိုးခဲ့ရာ ခရမ်းချဉ်သီးဈေးများတစ်ထောင့်ငါးရာကျပ်ဖြင့် အတက်အကျမရှိ ရပ်တန့်နေကြောင်း မြို့သစ်မြို့နယ်အတွင်းမှ ခရမ်းချဉ်စိုက်တောင်သူများထံက သိရသည်။