လပွတ္တာမြို့နယ်တွင် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း‌ ကောက်ယူနိုင်ရေး အဆောက်အဦ မှတ်တမ်းတင်ခြင်း လုပ်ငန်းများဆောင်ရွက်

လပွတ္တာ မတ် ၅

ဧရာဝတီတိုင်းဒေသကြီး ၊ လပွတ္တာခရိုင် ၊ လပွတ္တာမြို့နယ်တွင် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း‌ ကောက်ယူနိုင်ရေး အဆောက်အဦ မှတ်တမ်းတင်ခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်း ကွင်းဆင်း‌ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဆန်းဦး၏ ဦးဆောင်စီစဉ်မှုဖြင့် အဖွဲ့(၆)ဖွဲ့ခွဲ၍ ကောက်ကွက်များအလိုက် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း‌ ကောက်ယူနိုင်ရေး အဆောက်အဦ မှတ်တမ်းတင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး လပွတ္တာမြို့နယ်အတွင်း အဆောက်အဦ မှတ်တမ်းတင်ခြင်း လုပ်ငန်းများကို မတ်လ ၃၁ရက်‌နေ့ အထိ ကောက်ကွက်များအလိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)