ဆေးတက္ကသိုလ် (မန္တလေး) ကျောင်းတွင်းသင်္ကြန်ပွဲတော် ကျင်းပ

ချမ်းအေးသာစံ မတ်

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်လမ်း (၃၀ × ၇၃) လမ်း‌ရှိ ဆေးတက္ကသိုလ် (မန္တလေး) ၏ ကျောင်းတွင်း မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို ယမန်နေ့ညနေ (နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါတက္ကသိုလ်၏ ကျောင်းတွင်းသင်္ကြန်ပွဲတော်ကို ဒုတိယပါမောက္ခချုပ် ပါမောက္ခဒေါက်တာ နွယ်မာထွန်းနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ခဲ့ပြီး မုန့်လုံးရေပေါ်၊ သာကူယို၊ အအေးများ စတုဒီသာ ကျွေးမွေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ ဖျော်ဖြေရေးအစီအစဉ်များဖြင့် တင်ဆက်ခြင်း၊ အေးချမ်းပျော်ရွှင်စွာ ရေပက်ကစားခြင်းစသည့် အစီအစဉ်များ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထွန်းထွန်းနိုင်