အမ်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနိုင်ရေး တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး

အမ်း မတ် ၉

ရခိုင်ပြည်နယ် အမ်းခရိုင်အမ်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်စာပေးပွဲကို မတ်လ ၁၁ ရက်နေ့တွင် စတင်ဖြေဆိုကျင်းပသွားမည်ဖြစ်ရာ ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က စာမေးပွဲ ဖြေဆိုမည့် စာစစ်ဌာနများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဒေါ်တင်တင်မြင့်၊ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ တက္ကသိုလ်ဝင်စာမေးပွဲ တွင် အမ်းစစ်ဌာန (၄) ခုနှင့် တွဲဘက်ဖွင့်လှစ်မည့် စာစစ်ဌာန (၂)ခုတို့၌ ကျောင်းသားကျောင်းသူများ စိတ်ချမ်းသာစွာဖြေဆိုနိုင်ရေးအတွက် လုံလောက်သော အလင်းရောင်ရရှိရေး၊ မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှု၊ စာဖြေခန်းများအတွင်း စာရေးခုံ၊ ထိုင်ခုံများပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် စာမေးပွဲဖြေဆို မည့်ကျောင်းသားကျောင်းသူများ အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ဆောင်ရွက်ထားရှိမှုတို့အား လိုက်လံစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်ဆက်)