အမ်းမြို့နယ်တွင် မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သည့် ခြင်ကြောင့်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နှင်းရေးလုပ်ငန်း ဖုံး၊ သွန်၊ လဲ၊ စစ် အဘိတ်ဆေးခပ်ခြင်း အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်

အမ်း ဇူလိုင် ၂၉

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးနှင့် ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့် အခြားရောဂါများ မဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်း ဖုံး၊ သွန်၊ လဲ၊ စစ် အဘိတ်ဆေး ခပ်ခြင်းကို ယနေ့နံနက်ပိုင်းက အမ်းတောင်အုပ်စု ပျဉ်းတောကျေးရွာနှင့် ဈေးရပ်ကွက် ကွက်သစ်ပိုင်းတို့တွင် အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာ ရေးဝန်ထမ်းများ၊ မြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆကံရေး ဝန်ထမ်းများ၊ မြို့နယ်စည်ပင် သာယာရေးဝန်ထမ်းများ၊ မြို့နယ် ပြည်သူ့ရဲ တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တတ်ဖွဲ့ဝင်များ၊ ကြက်ခြေ နီတပ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း အသင်းဝင်များ၊ မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းအသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ  ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် လူနေအိမ်များရှိ ပိုးလောက်လန်း ပေါက်ပွားစေနိုင်သော ရေလှောင်ကန်များ၊ ဘုရားညောင်ရေအိုး၊ တာယာအဟောင်း စသည့်နေရာများတွင် သွေးလွန်တုပ်ကွေး ဖြစ်စေနိုင်သည့် ခြင်များပေါက်ဖွားမှုမရှိစေရန် ကြည့်ရှုစစ်ဆေးပြီး ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းနှင့် အဘိတ်ဆေးများခတ်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြသည်။

ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက နေအိမ်ပိုင်ရှင်များအား မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သည့် သွေးလွန်တုပ် ကွေးနှင့် ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့် အခြားရောဂါများ မဖြစ်ပေါ်စေရန်အတွက် ကျန်မာရေးအသိပညာပေး‌ဆွေး နွေးဟောပြောခြင်းဆောင်ရွက်ခဲ့ကြပြီး အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စိုးမင်းထွန်း