သံတောင်ကြီးဒေသတွင် လက်ဖက်စိုက်ပျိုးသူများပိုမိုများပြားလာ
May 15,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်၍ ဥယျာဉ်ခြံလုပ်ငန်းများကို အဓိက စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ လက်ဖက်စိုက်ပျိုးခြင်း လုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး လက်ဖက် ကိုတစ်နှစ်တာပတ်လုံးအရွက်နုများထွက်ရှိချိန်တွင် လက်ဖက်ခြောက်၊ လက်ဖက်စိုများ ပြုလုပ်ရောင်းချရာတွင် ဈေးကောင်းရရှိသည့်အတွက် ဒေသခံတောင်သူများမှာ မိမိတို့ ဥယျာဉ် ခြံမြေများ၌ လက်ဖက်စိုက်ပျိုးသူများ ပိုမိုများပြားလာကြောင်းသိရသည်။