မင်းဘူး ဇူလိုင် ၂၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လိုက်လံနှိုးဆော်ခြင်းကို ယမန်နေ့နေ့လယ် ၁ နာရီခွဲအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ထိုသို့ သဘာဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ခြင်းကို မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်အင်ကြင်းစုအောင် ဦးဆောင်ကြီးကြပ်မှုဖြင့် ဘေးအန္တရာယ်ဆိုရာ ဝန်ထမ်းများနဲ့အတူ ကျေးရွာအုပ်ချုပ်ရေးမှူးများက မင်းဘူး(စကု) မြို့နယ်အတွင်းမှ နိဗ္ဗာန်ကျွန်း၊ ပေါက်လေးပင်၊ ပေါက်ငူ ကျေးရွာများသို့ ကွင်းဆင်း၍ နှိုးဆော် ဆောင်ရွက်ခဲ့ကြသည်။
ယင်းသို့ နှိုးဆော်ရာတွင် ယခုအချိန်သည် မိုးတွင်းကာလဖြစ်၍ ရာသီဥတုပြောင်းလဲမှုကြောင့် မိုးတိမ်တောင်များ ဖြစ်ပေါ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မြေပြိုခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းစသော သဘာဝဘေးအန္တရာယ်များကို ကြိုတင် သတိပြုကာကွယ်နိုင်ရန်နှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို Hand Speaker များဖြင့် အသိပညာပေး နှိုးဆော်ကာ သဘာဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင်များကိုလည်း အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇေယျာနိုင်(ရွှေကန်)