ဒဂုံတောင် ဇူလိုင် ၂၇
ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း၊ သွေးလွန်တုပ် ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ကူးစက်တတ်ရောဂါများနှင့် မကူးစက်တတ်သောရောဂါ ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ကျန်မးရေးအသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ စီစဉ်လမ်းညွှန်ပံ့ပိုးမှုဖြင့် မြို့နယ်ပြည်သူ့ကျန်မာရေးဌာနမှဦးဆောင်ကာ အရှိန်အဟုန်မြှင့် စုပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ထို့သို့ဆောင်ရွက်ရာတွင် ယမန်နေ့နံနက် (၁၀) နာရီက ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းများရှိ KG ကျောင်းသား/ ကျောင်းသူ Pfizer Comirnaty JN1 (Orange cap) ထိုးနှံပေးခြင်းနှင့် ကျောင်းအခြေပြုသွေးလွန်တုပ်ကွေးကာကွယ်နှိမ်နင်းရေး လုပ်ငန်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် နှီးနွယ်ဌာနဆိုင်ရာများ၊မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် စေတနာ့ဝန်ထမ်းများ၏ ပူးပေါင်းဆောင်နေမှုများကို ဒဂုံမြို့သစ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုနှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှု အားပေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားကြောင်း သတင်းရရှိသည်။ မထိုးပေးမီ ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေး၍ ပုံမှန်အနေအထားရောက်ရှိမှသာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ စနစ်တကျထိုးနှံပေးပြီး ကာကွယ်ဆေးထိုးနှံပြီးသူများကိုလည်း မိနစ် ၃၀ ခန့် အနားယူစောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာစေခဲ့ကြောင်း သိရသည်။
25.7.2025 ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်အတွင်းရှိ စာသင်ကျောင်းများရှိ သူငယ်တန်းကျောင်းသား/သူ (2580)ဦးအား Pfizer Comirnaty JN1 (Orange cap) ထိုးနှံပေးခြင်းနှင့် ကျောင်းအခြေပြုသွေးလွန်တုပ်ကွေးကာကွယ်နှိမ်နင်းရေး လုပ်ငန်းများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်နှီးနွယ်ဌာနဆိုင်ရာများ၊ မိခင်ကလေးနှင့်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကြက်ခြေနီ၊ မီးသတ်နှင့် စေတနာ့ဝန်ထမ်းများမှ ပူးပေါင်းလုပ်ဆောင်ခဲ့ရာ ဒဂုံမြို့သစ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုနှင့်အဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းလွင်နှင့် အဖွဲ့ဝင်များမှ အားပေးကူညီဆောင်ရွက်ခဲ့ပါကြောင်း တင်ပြအပ်ပါသည်။
သန်းသန်းအေး(ပြန်/ဆက်)