ကျောက်ပန်းတောင်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား UID (ခေါ်) Smart Card များ အခမဲ့ ဆက်လက်ဆောင်ရွက်ပေး
Jul 26,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ ပင်စင်လစာ ထုတ်ယူရာတွင် လျှင်မြန် လွယ်ကူစေရန်နှင့် အခက်အခဲမရှိစေရန်အတွက်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ UID(Unique Identity) (ခေါ်) Smart Card များကို၊ မြန်မာ့စီးပွားရေးဘဏ်(မြို့နယ်ဘဏ်ခွဲ)သို့ သွားရောက်၍ အခမဲ့ဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင်(၂၆) ရက်နေ့နံနက်က အဆိုပါ လုပ်ငန်းဆောင်ရွက်ပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။