ပွင့်ဖြူမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ပွင့်ဖြူ ဇူလိုင် ၂၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း  ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးနှင့် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ယမန်နေ့နံနက်ပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာချုပ် ဦးကျော်ကျော်ထွေး၊ တံတားတည်ဆောက်ရေးအဖွဲ့(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်ဇော်မင်း၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရီအေးခိုင်တို့က မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိနှင့် အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပွင့်ဖြူမြို့နယ်အတွင်း ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၂၇၅ ဒသမ ၀၄၈ သန်းဖြင့် တင်ဒါအောင်မြင်သော သင်္ဂဟအောင်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် ရွာခိုင် - ကျွဲတိ - ကန်ပြည့် ကျေးရွာချင်းဆက်လမ်း(၀/၄)မိုင် ကတ္တရာလမ်းခင်း ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၂၃၂ ဒသမ ၂၁၁ သန်းဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သော ရွာခိုင် - ကျွဲတိ - ကန်ပြည့် လမ်းအရှည် (၀/ ၃ ဒသမ ၃၅)မိုင် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း၊ ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၂၀၅ ဒသမ ၂၂၀ သန်းဖြင့် တင်ဒါအောင်မြင်သော ထားပိုကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် လယ်ကိုင်း - ရွှေလှေ -ထနောင်းကုန်း ကျေးရွာချင်းဆက်လမ်းအရှည် 0.528 Km ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးပြီးလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန် ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )