ခရမ်း ဇူလိုင် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ “ဒီရေတောများ သားစဉ်မြေးဆက် ထိန်းသိမ်း အသုံးပြုနိုင်ရေး ပြည်သူလူထု အသိပညာမြှင့်တင်ပေး” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ဒီရေတောဂေဟစနစ်များ ပြုစုထိန်းသိမ်းရေး လုပ်ငန်းများတွင် ပြည်သူလူထုက ပိုမိုအလေးထား ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်၍ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ရေကျော်-ဘိုကလေးကျေးရွာ ဒီရေတာကြိုးပြင်ကာကွယ်တော၊ ဘိုကလေးကျေးရွာ ချောင်းနံဘေးတွင် ကျင်းပခဲ့သည်။
အဆိုပါသစ်ပင်စိုက်ပွဲသို့ ငါးလုပ်ငန်းဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ ရေကျော်၊ ဘိုကလေး၊ အောင်ချမ်းသာ၊ ပလူကျေးရွာတို့မှ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ၊ စုစုပေါင်းလူဦးရေ(၇၀)ဦးခန့် တက်ရောက်ပြီး (၂)ပေနှင့်အထက်အမြင့်ရှိသော သမဲ့(၃၄၀) ပင်၊ ပင်လယ်ကဗွီး (၁၀)ပင်၊ မာလာလူးကား (၁၅၀)ပင် စုစုပေါင်း (၅၀၀)ပင် အား လူထုလှုပ်ရှားမှုအသွင်ဖြင့် စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
ခရမ်း (ပြန်/ဆက်)