ဇီးကုန်း ဇူလိုင် ၂၇
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်ရှိ စာစစ်ဌာနများနှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ယနေ့နံနက်ပိုင်းက ထုတ်ပြန်ကြေညာရာ ဝင်ရောက်ဖြေဆိုခဲ့သော ကျောင်းသား၊ ကျောင်းသူ ၅၇၉ ဦးတွင် ၁၆၀ ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲများကို အထက(ဇီးကုန်း)နှင့် အထက(လေးမျက်နှာ) စာစစ်ဌာန(၂)ခုတို့၌ ဝင်ရောက်ဖြေဆိုခဲ့သော တက္ကသိုလ်ဝင်တန်း ကျောင်းသားကျောင်းသူများ၏ အောင်စာရင်းအား သက်ဆိုင်ရာကျောင်းများအလိုက် ကြော်ငြာသင်ပုန်းများဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး၊ တစ်မြို့နယ်လုံး၏ အောင်စာရင်းကို မြို့နယ်ပညာရေးမှူးရုံးတွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဇီးကုန်းမြို့နယ်၊ စာစစ်ဌာနနှစ်ခု၌ ဖြေဆိုသူ (၅၇၉)ဦးတွင် အောင်မြင်သူ(၁၆၀) ဦးရှိ၍ အောင်ချက်ရာခိုင်နှုန်း ၂၇ ဒသမ ၆၃ ရာခိုင်နှုန်းဖြစ်ပြီး၊ လေးဘာသာဂုဏ်ထူးရှင် (၂)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၁)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၁)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၃)ဦးနှင့် ရိုးရိုးအောင် (၁၅၃)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တင့်ဆွေ(ပြန်/ဆက်)