တမူး ဇူလိုင် ၂၇
၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများကို တစ်နိုင်လုံးတွင် ဇူလိုင်လ(၂၇)ရက်နေ့ နံနက်(၆)နာရီအချိန်က မြို့နယ်များရှိ စာစစ်ဌာနများ၌ ထုတ်ပြန်ကြေငြာခဲ့သည်။
တမူးမြို့ စာစစ်ဌာနဖြစ်သည့် အ.ထ.က(၁) စာစစ်ဌာနမှ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန်စာရင်းသွင်းထားသူ(၂၉၂)ဦးရှိသည့်အနက် (၂၇၅)ဦးဖြေဆိုခဲ့ရာ (၁၂၅)ဦး အောင်မြင်ခဲ့ပြီး အောင်ချက်ရာခိုင်နုန်း(၄၅.၄၅)ရာခိုင်နုန်းရှိပြီး (၄)ဘာသာ ဂုဏ်ထူးရှင်(၂)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၇)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၆)ဦး (၁)ဘာသာဂုဏ်ထူးရှင်(၇)ဦး စုစုပေါင်း(၂၂)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူး ရုံးထုတ်ပြန်ချက်စာရင်းများအရ သိရသည်။
ရတနာ(ပြန်/ဆက်)