မိုးညို ဇူလိုင် ၂၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ အိုးဘိုကျွန်းကျေးရွာအုပ်စုအတွင်း ဧရာဝတီမြစ်ရေမြင့်တက်လာပါက ရေဝင်ရောက်နိုင်သည့် ကျေးရွာများသို့ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလိုက်လံနှိုးဆော်ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရန်များ၊ ရေကြီးခြင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်များ၊ ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် လိုက်နာရန်အချက်များနှင့် ရှောင်ရှားသင့်သည့်အချက်များ၊ ရေကြီးပြီးနောက် ပြုလုပ်ရန်အချက်များနှင့် ရှောင်ရှားသင့်သည့်အချက်များ၊ ဘေးအန္တရာယ်ကျရောက်ပါက အရေးပေါ်ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များအား ကျေးရွာနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် လိုက်လံနှိုးဆော်ခဲ့ပြီး ရေဘေးအန္တရာယ် အသိပညာပေးပိုစတာများကပ်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုမင်း (ပြန်/ဆက်)