အိမ်မဲ ဇူလိုင် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန ၁၀ခု မှ ဝင်ရောက်ဖြေဆိုသူ (၁၁၀၈)ဦးရှိကာ အောင်မြင်သူ (၅၃၃)ဦးရှိ၍ ရာခိုင်နှုန်းအားဖြင့် (၄၈.၁၀)ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အိမ်မဲမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်(၆)နာရီ၌ သက်ဆိုင်ရာစာစစ်ဌာနအသီးသီးတွင် ထုတ်ပြန်ထားပေးရာ ကျောင်းသား/သူများ၊ ကျောင်းသားမိဘများက လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန(၁၀)ခုမှ ဖြေဆိုသူ စာရင်းရှိ(၁၂၀၆)ဦး၊ ဝင်ရောက်ဖြေဆိုသူ (၁၁၀၈)ဦး၊ အောင်မြင်သူ(၅၃၃)ဦးရှိကာ (၄)ဘာသာဂုဏ်ထူးရှင်(၃)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၁၁)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၁၂)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင်(၂၄)ဦးနှင့် ရိုးရိုးအောင်မြင်သူ(၄၈၃)ဦးရှိကြောင်း သိရသည်။
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)