တောင်ကုတ်မြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပန်းတောင်း-တောင်ကုတ် လမ်းမကြီး၌ ရေလျှံမှုဖြစ်၊ လမ်းပိတ်ဆို့မှုမရှိစေရေးအမှိုက်များ အချိန်နှင့်တစ်ပြေးညီရှင်းလင်းဆောင်ရွက်

တောင်ကုတ် သြဂုတ် ၂၈

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့တွင် သြဂုတ် ၂၆ ရက်နေ့ ညမှစတင်၍ မိုးအဆက်မပြတ်ရွာသွန်းခဲ့သဖြင့် ယမန်နေ့ညနေ ၄ နာရီအချိန်တွင် အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းရှေ့ရှိ ရေနှုတ်မြောင်း​ပိတ်ဆို့ကာ ပန်းတောင်း-တောင်ကုတ် လမ်းမကြီးတွင် ရေလျှံမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ရေလျှံမှုဖြစ်ပေါ်လျက်ရှိရာတွင် လမ်းပိတ်ဆို့မှုမရှိစေရေးအတွက် အမှတ်(၅)၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲရေးမှူးဗိုလ်မှူးကြီသက်ထူးစံ၊  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့တို့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် တောင်ကုတ်တပ်နယ်မှ နယ်မြေခံတပ်မတော်သားများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့်အဖွဲ့၀င်များ၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ၀န်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများ၊ လမ်းအထူးအဖွဲ့(၁၈)မှတာ၀န်ရှိသူများ၊ ကံပိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ပြည်သူများ စုပေါင်း၍ ရေမြောင်းတွင်ပိတ်ဆို့နေသည့် အမှိုက်များနှင့်ဒိုက်များရှင်းလင်းခြင်း၊ လမ်းမပေါ်တွင်တင်ကျန်နေသည့် အမှိုက်နှင့်ဒိုက်ပုံများ ရှင်းလင်းခြင်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ကြသည်။

တောင်ကုတ်မြို့ပေါ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကံပိုင်ရပ်ကွက်နှင့် သိမ်တောင်ရပ်ကွက်များအတွင်းရှိ အနိမ့်ပိုင်း နေရာများတွင် ရေ ၂ ပေခန့်မှ ၄ ပေခန့်ထိ ၀င်ရောက်ခဲ့ပြီး  မိုးရွာသွန်းမှုမှာ မိုးလေ၀သစခန်း (တောင်ကုတ်)၏ တိုင်းထွာချက်အရ ၃.၃၅" ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်