လယ်ဝေးမြို့နယ်၊ ပေါက်မြိုင်ကျေးရွာတွင် တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲကျင်းပ

လယ်ဝေး သြဂုတ် ၂၉

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊  အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အသေးစား ထုတ်ကုန်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေ တိုးရေးစီမံကိန်းလုပ်ငန်းဆိုင်ရာ အသေးစားအငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေးစီမံကိန်း (Bakery) ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက လယ်ဝေးမြို့နယ်၊ မြို့ကုန်းကျေးရွာတွင် ကျင်းပသည်။

ရှေးဦးစွာ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးက အမှာစကားပြောကြားရာတွင် ဝင်ငွေတိုးစီမံကိန်းသင်တန်းများကို ကျေးရွာပေါင်း (၁၅၅) ရွာတွင် ဖွင့်လှစ်လျက်ရှိပါကြောင်း၊ ယခု​မြို့ကုန်းကျေးရွာအုပ်စုမှ ဒေသခံများရဲ့လိုလားချက်အရ တန်ဖိုးမြှင့် စားသောက်ကုန်အမျိုးမျိုးကို သင်ကြားပို့ချပေးမှာ ဖြစ်ကြောင်း၊ ယခုစီမံကိန်း သင်တန်းတွင် အမှန်တကယ် လုပ်ငန်းထူထောင်နိုင်မည့်သူ သင်တန်းဆင်း ၅ ဦးအား ရွေးချယ်ပြီး ဌာနမှ ငွေကျပ် (၁၀) သိန်းနှင့်ညီမျှသော ထောက်ပံ့ပစ္စည်းများ ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ၃ လအတွင်း လုပ်ငန်းစတင်နိုင်ပြီး အနည်းဆုံး ၃ နှစ်ဆက်တိုက် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဒေသခံကော်မတီဝင်များကို ရွေးချယ်ပြီး ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ အသေးစား စက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေမှာဖြစ်ကြောင်း စသည်ဖြင့်ပြောကြားသည်။

ထို့နောက် စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီဝင်များနှင့် သင်တန်းသား/သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်စကား ပြောကြားသည်။ အဆိုပါသင်တန်းတွင် Chiffon Cake၊ Soft Cake၊ Cheese Cake၊ Cookies ၊ Donuts၊ Cup Cake၊ Chocolate Cake၊ Pizza၊ ပူတင်း၊ စနိုးပူတင်း၊ ကိတ်ခြောက်၊ ပေါင်မုန့်အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာများကို သြဂုတ် ၂၉ ရက်မှ စက်တင်ဘာ ၄ ရက်အထိ တစ်ပတ်ကြာ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)