ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မဟာရွှေဂုဏ်ထူး ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ထားဝယ်မြို့တွင်ကျင်းပ

ထားဝယ်    ဩဂုတ် ၃၀

လူငယ်များ၊ အသိပညာစွမ်းအား၊ အတတ်ပညာစွမ်းအား၊ အတွေးအခေါ်စွမ်းအားများ ပြည့်ဝစေပြီး လူအများရှေ့ စကားပြောဆိုရာ၌ ရဲဝံ့စွာပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများနှင့် ပြည့်စုံပြီးဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များ ပေါ်ထွန်းလာစေရန်၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် မဟာရွှေဂုဏ်ထူးကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ထားဝယ်မြို့၊ မဟာရွှေဂုဏ်ထူးကိုယ်ပိုင် အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်နုက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဦးတည်ချက်(၉)ရပ်မှာပါသည့် လူမှုရေးဦးတည်ချက်၏ တတိယအချက်ဖြစ်သော  နိုင်ငံ၏ဖွံဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်  ပြည့်စုံသော လူငယ်များဖြစ်စေရန်လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးဆိုတဲ့အချက်အတိုင်း အနာဂတ်မှာ တိုင်းပြည်ကို ဦးဆောင်မယ့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တ ဗလ၊ မိတ္တဗလ၊ ဘောဂ ဗလဆိုတဲ့ဗလငါးတန်ပြည့်ဝစေရန်၊ အသိပညာပိုမိုတိုးတက် လာစေရန်နှင့်အခြားသူများကိုလည်း ဗဟုသုတများမျှဝေ တတ်စေရန်၊ ပရိတ်သတ်ရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိများရှိလာစေရန်၊ လူငယ်များအချင်းချင်းအသိပညာများဖလှယ်နိုင်စေရန်၊ တစ်ဦးနှင့် တစ်ဦးယဉ်ကျေးမှုများရှိလာပြီးပူးပေါင်းဆောင်ရွက်တတ်သည့်အလေ့အကျင့်ကောင်းများဖြစ်ပေါ် လာစေရန်စသည့်ရည်ရွယ်ချက်များဖြင့် ယခုလိုစကားဝိုင်းများ ကျင်းပရခြင်းဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် မိမိတို့ထားရှိသည့်ရည်မှန်းချက် အတိုင်းပန်းတိုင်ကိုလှမ်းနိုင်ရန်ဘဝမှာ အောင်မြင်ပြီးတိုင်းပြည်က အားကိုးအားထားပြုရသော လူငယ်များဖြစ်ကြရန် လိုအပ်ကြောင်းနှင့် ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ထားဝယ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးမှူး ဦးအောင်ဗိုလ်ဗိုလ်က ဦးဆောင်ဆွေးနွေးသူ (Moderator) အဖြစ် ဆောင်ရွက်ပြီး ဆွေးနွေးပြောကြားသူများအဖြစ်မဟာ ရွှေဂုဏ်ထူးကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/သူများဖြစ်ကြ သည့်Grade-12 ကျောင်းသားမောင်ဇွဲလတ်ကျော်က လူငယ်နှင့်စာဖတ်ခြင်း၊ Grade-8ကျောင်းသားမောင်မျိုးခန့်ကျော်က လူငယ်နှင့်မူးယစ်ဆေးဝါး၊ Grade-8 ကျောင်းသား မောင်မင်းထက်မြတ်က လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ Grade-10 ကျောင်းသူမဝတ်မှုံရနံ့ကျော်က လူငယ်နှင့်အားကစား၊ Grade-၁၁ ကျောင်းသူ မခင်ရတနာဝင်းက လူငယ်နှင့် အကျင့်စာရိတ္တ၊ Grade-၁၂ ကျောင်းသူ မအိအိလှိုင်တို့ က လူငယ်နှင့် လူမှုမီဒီယာသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာသော ကျောင်းသား/သူများနှင့် အပြန်အလှန်မေးမြန်းဆွေးနွေးပြီး မဟာရွှေဂုဏ်ထူး ကိုယ်ပိုင်အထက်တန်း ကျောင်းအုပ်ဆရာမကြီးဒေါ်ဖြူဖြူရှိန်က ကျေးဇူးတင် စကားပြောကြားကာ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးဒေါ်ယဉ်ယဉ်နုနှင့် တာဝန်ရှိသူများက ဆွေးနွေးပြောကြားသောကျောင်းသား/သူများအား ဂုဏ်ပြုမှတ်တမ်းလွှာ နှင့်လက်ဆောင်ပစ္စည်းပေးအပ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ် စာစောင်နှင့် သုတရသ စာအုပ် စာစောင်ပြပွဲများအား ကြည့်ရှုခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)