မိုးကုတ် ဩဂုတ် ၂၉
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် စာရေးဝန်ထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရေးအတွက် အလုပ်ရုံးဆွေးနွေးပွဲ(မြေယာ)ကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိုးကုတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်မြင့်ကျော်က အဖွင့်အမှာစကား ပြောကြားပြီး စာရေးဝန်ထမ်းများက တစ်ဖွဲ့(၆)ဦးဖြင့် အစုအဖွဲ့အလိုက် မြေယာအမျိုးအစားများနှင့် ပတ်သတ်သည့်အကြောင်းအရာများကို ဆက်လက်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ မြို့နယ်အေထွထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်း(၃၀)ဦး တက်ရောက်ခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲတွင် ကျေးရွာမြေငှားဂရန်၊ စက်မှုစီးပွားမြေငှားဂရန်၊ အခွန်လွတ်သာသနာ့ဂရန်၊ လယ်ယာမြေပုံစံ(၇)၊နှင့် မြို့မြေငှားဂရန်စသည့်ခေါင်းစဥ်တို့ကို ဝန်ထမ်းများက အစုအဖွဲ့များဖွဲ့၍ ဆွေးနွေးခဲ့ကြကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ သိရသည်။
ကြည်ကြည်နွဲ့(ပြန်/ဆက်)