သတင်းများ

မုံရွာမြို့၌ အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ (International Day of Clean Air for Blue Skies) အထိမ်းအမှတ် Talk Show ပြုလုပ်
Sep 03,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူကိုဗဟိုပြုသော ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၊ အသိပညာပြန့်ပွားရေး ပညာပေးလုပ်ငန်းများ၊ ဟောပြောပွဲများ၊ ပြပွဲ/ပြိုင်ပွဲများ၊ Talk Show များကို ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ (International Day of Clean Air for Blue Skies)အထိမ်းအမှတ် Talk Show အစီအစဉ်ကို  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်  ရိုက်ကူးခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ်၌ ဆန်တစ်ပြည် (၂၅၀၀ိ/-)ကျပ်ဖြင့် ရောင်းချပေး
Sep 03,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့ မီးသတ်ရုံး၌ ဆန်စက်နှင့်ဆန်လုပ်ငန်းရှင်အသင်းမှ ဆန်တစ်ပြည် (၂၅၀၀ိ/-) ကျပ်နှုန်းဖြင့် ယမန်‌နေ့က ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။
ပေါင်မြို့နယ်တွင် အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေး
Sep 03,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် ရည်ရွယ်၍ မွေးစမှ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၁၀ နာရီက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ဆေးပေးခန်းများ၌ ဆောင်ရွက်ခဲ့ကြသည်။
ကျောက်တော်မြို့ အ.ထ.က(၁)ကျောင်း၌ ကျောင်းသား/သူများအား ပန်းခင်း(၂) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Sep 03,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့ အ.ထ.က(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ပန်းခင်း(၂)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည်။
ပဲခူးမြို့၌ ပြည်သူများအား ငါး၊ ဆန်၊ ဆီများ ဈေးနှုန်းသက်သာစွာဖြင့် ဆက်လက်ရောင်းချပေး
Sep 03,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအား ငါး၊ ဆန်၊ ဆီများကို သက်သာသောဈေနှုန်းဖြင့် စားသုံးသူ လက်ဝယ်အရောက် ဝယ်ယူစားသောက်နိုင်ရေး ဆက်လက်ရောင်းချပေးလျက်ရှိသည်။
ဒေသကွပ်ကဲရေးမှူးစစ်ဌာနချုပ် (တနိုင်း) ဗိုလ်မှူးချုပ်နှင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 03,2023
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဩဂုတ်လ ၃၁ ရက်နေ့ မွန်းလွဲ(၁)နာရီက ဒေသကွပ်ကဲရေးမှူးစစ်ဌာနချုပ် (တနိုင်း) ဗိုလ်မှူးချုပ်မြတ်မင်းမိုးနှင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးကို ပြုလုပ်ကျင်းပခဲ့သည်။
သထုံမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး
Sep 03,2023
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ ပေးခြင်းကို ယနေ့ နံနက်ပိုင်းမှစတင်ကာ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဖြူးမြို့နယ်၌ စားသုံးဆီများစျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး
Sep 03,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဖြူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်၍ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ပြည်သူများစျေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်စေရေးအတွက် စက်တင်ဘာလ(၃)ရက်နေ့၊ နံနက်ပိုင်းမှစတင်ကာ ဖြူးမြို့မစျေးအနီး၌ စားသုံးဆီများရောင်းချပေးလျက်ရှိရာ ပြည်သူများတန်းစီစနစ်ဖြင့် လာရောက်ဝယ်ယူကြကြောင်း သိရသည်။